AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က အပြစ်မဲ့ပြည်သူ ၁ ဦးအား ပစ်ခတ်သတ်ဖြတ်

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က အပြစ်မဲ့ပြည်သူ ၁ ဦးအား ပစ်ခတ်သတ်ဖြတ်

နေပြည်တော်၊ မတ် - ၂၂


Image may contain: one or more people and indoor

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စံညှင်းကျေးရွာရှိ ရွာသား ၁ ဦးအား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မတ် ၂၀ ရက်တွင် လက်နက်ငယ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်းသိရှိရသည်။

ဖြစ်စဉ်မှာ စံညှင်းကျေးရွာနေထိုင်သူ ဦးမောင်တင်(ဘ) ဦးယဉ်ဖြူအောင်၊ ရခိုင်/ဗုဒ္ဓသည် ဇနီးဖြစ်သူနှင့်အတူ ၎င်း၏ နေအိမ်၌ အိပ်ပျော်နေစဉ် ယင်းနေ့ ည ၉ နာရီခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူ မျက်နှာ ဖုံးစွပ်ထားသူ ၂ ဦး ရောက်ရှိ လာပြီး ဦးမောင်တင်အား အသင့်ပါလာသော သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ညာနားထင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဘယ်နားရွက်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဘယ်လက်ဖျံ ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ညာလက်ဖျံဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် ဘယ်ပေါင်ရင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရှိရ သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စံညှင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာနေသူများထံ စုံစမ်းချက်များအရ သေဆုံးသူဦးမောင်တင်သည် ၎င်းကျေးရွာ၌ ယခင်က ရာအိမ်မှူး တာဝန်ထမ်းဆောင်ဖူးသူဖြစ်ကြောင်းနှင့် AA အကြမ်းဖက်သောင်းကျန်းသူများ၏ အယူအဆအပေါ် လက်မခံသူတစ်ဦးဖြစ်ပြီး AA အကြမ်းဖက် သောင်းကျန်း သူအား ထောက်ခံသူများနှင့် မကြာခဏ အခြေအတင်စကားများခဲ့သူဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Comments

Popular posts from this blog

တစ်ဖက်အမြင်များ