နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တပ်မတော် စစ်ကြောင်းအား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်
နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တပ်မတော် စစ်ကြောင်းအား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် နေပြည်တော်၊ မတ် - ၂၂ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မတ် ၂၁ ရက် ညပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ တပ်မတော်စစ်ကြောင်းသည် ယင်းနေ့ ည ၉ နာရီခွဲခန့်တွင် ရသေ့တောင်မြို့နယ်၊ ရေခေါင်းချောင်း ကျေးရွာနှင့် စေတောင်ကျေးရွာအကြား သို့အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူအင်အား ၁၅၀ ဦးခန့်က စေတောင်ကျေးရွာ၏ မြောက်ဘက်ထိပ်နေရာ ၅ နေရာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဖြန့်ခွဲတိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်တိုက်ခိုက်ခဲ့ရာ ရန်သူ့ပစ်ခတ်မှု ည ၁၁ နာရီခန့်တွင် ရပ်တန့်သွားခဲ့သည်။ ဖြစ်စဉ်တွင် မိမိဘက်မှ အရာရှိ ၁ ဦးနှင့် စစ်သည် ၁ ဦး လက်နက်ကြီး အစထိမှန် မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ပြီး နယ်မြေလုံခြုံရေးဆက်လက်ဆောင်ရွက်လျက်ရှိသည်။ AA ...