Posts

နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တပ်မတော် စစ်ကြောင်းအား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

Image
နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တပ်မတော် စစ်ကြောင်းအား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် နေပြည်တော်၊ မတ် - ၂၂ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မတ် ၂၁ ရက် ညပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ တပ်မတော်စစ်ကြောင်းသည် ယင်းနေ့ ည ၉ နာရီခွဲခန့်တွင် ရသေ့တောင်မြို့နယ်၊ ရေခေါင်းချောင်း ကျေးရွာနှင့် စေတောင်ကျေးရွာအကြား သို့အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူအင်အား ၁၅၀ ဦးခန့်က စေတောင်ကျေးရွာ၏ မြောက်ဘက်ထိပ်နေရာ ၅ နေရာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဖြန့်ခွဲတိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်တိုက်ခိုက်ခဲ့ရာ ရန်သူ့ပစ်ခတ်မှု ည ၁၁ နာရီခန့်တွင် ရပ်တန့်သွားခဲ့သည်။ ဖြစ်စဉ်တွင် မိမိဘက်မှ အရာရှိ ၁ ဦးနှင့် စစ်သည် ၁ ဦး လက်နက်ကြီး အစထိမှန် မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ပြီး နယ်မြေလုံခြုံရေးဆက်လက်ဆောင်ရွက်လျက်ရှိသည်။ AA ...

ဘူးသီးတောင်မြို့နယ်၊ စံဂိုထောင်ကျေးရွာရှိ သုံးဆယ့်တစ်ဘုံစေတီများအား AA အဖွဲ့မှ ဖျက်ဆီး

Image
ဘူးသီးတောင်မြို့နယ်၊ စံဂိုထောင်ကျေးရွာရှိ သုံးဆယ့်တစ်ဘုံစေတီများအား AA အဖွဲ့မှ ဖျက်ဆီး ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စံဂိုထောင်ကျေးရွာရှိ သုံးဆယ့်တစ်ဘုံစေတီတော်ကြီးအား AA အဖွဲ့ မှ မတ်လ ၂၁ ရက်နေ့က လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူ ဦးထွန်းလင်းထံမှ သိရသည်။ ဘူးသီးတောင်မြို့နယ်၊ အရှေ့တောင်ဘက်ပိုင်း စံဂိုထောင်အုပ်စုနှင့် ကျောက်ရန်အုပ်စုအကြားတွင် စစ်တပ်နှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် AA အဖွဲ့မှ သုံးဆယ့်တဘုံ စေတီပေါ်တက်လာပြီး လက်နက်ကြီးဖြင့် ဘုရားများအား ဖြိုလဲဖျက်ဆီးနေသည့်ကို မြင်တွေ့ရကြောင်း ဦးထွန်းလင်းထံမှ သိရသည်။ AA အဖွဲ့မှ ဘုရားများဖျက်ဆီးနေစဉ် ဘုရားဂေါပကများမှ ကြောက်လန့်၍ ထွက်ပြေးခဲ့ပေမယ့် မျက်မြင် ဦးထွန်းလင်းမှာ ထွက်မပြေးဘဲ ချောင်းကြည့်နေခဲ့ခြင်းကြောင့် မယုံနိုင်ဖွယ်ရာ မြင်ကွင်းအားမြင်တွေ့ ခဲ့ရကြောင်း၊ AA အဖွဲ့ ဘုရားပေါ်ရောက်နေစဉ် ရွာသားတစ်ဦးမှ မတက်ရဲကြဘဲ။ AA အဖွဲ့ဘုရား တောင်က ဆင်းသွားကြချိန်ရွာသားများနှင့် ကြည့်ရှုတဲ့အချိန်မှာ ဘုရားဆင်းထုတော်များ အများအပြား ပြိုပျက်စီးနေ သည်ကို တွေ့ရကြောင်း ဆက်လက်၍ ပြောဆိုခဲ့သည်။ AA အဖွဲ...

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က အပြစ်မဲ့ပြည်သူ ၁ ဦးအား ပစ်ခတ်သတ်ဖြတ်

Image
AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က အပြစ်မဲ့ပြည်သူ ၁ ဦးအား ပစ်ခတ်သတ်ဖြတ် နေပြည်တော်၊ မတ် - ၂၂ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စံညှင်းကျေးရွာရှိ ရွာသား ၁ ဦးအား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မတ် ၂၀ ရက်တွင် လက်နက်ငယ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်းသိရှိရသည်။ ဖြစ်စဉ်မှာ စံညှင်းကျေးရွာနေထိုင်သူ ဦးမောင်တင်(ဘ) ဦးယဉ်ဖြူအောင်၊ ရခိုင်/ဗုဒ္ဓသည် ဇနီးဖြစ်သူနှင့်အတူ ၎င်း၏ နေအိမ်၌ အိပ်ပျော်နေစဉ် ယင်းနေ့ ည ၉ နာရီခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူ မျက်နှာ ဖုံးစွပ်ထားသူ ၂ ဦး ရောက်ရှိ လာပြီး ဦးမောင်တင်အား အသင့်ပါလာသော သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ညာနားထင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဘယ်နားရွက်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဘယ်လက်ဖျံ ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ညာလက်ဖျံဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် ဘယ်ပေါင်ရင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရှိရ သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စံညှင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာနေသူများထံ စုံစမ်းချက်များအရ သေဆုံးသူဦးမောင်တင်သည် ၎င်းကျေးရွာ၌ ယခင်က ရာအိမ်မှူး တာဝန်ထမ်းဆောင်ဖူးသူဖြစ်ကြောင်းနှင့် AA အကြမ်းဖက်သောင်းကျန်းသူများ၏ အယူအဆအပေါ် လက်မခံသူတစ်ဦးဖြစ်ြ...

RIPပါဗိုလ်​မှူး 😢😢😢

Image
  RIPပါဗိုလ်​မှူး 😢 😢 😢 အရမ်းသ​ဘော​ကောင်းတဲ့လူပျိုကြီး မာန်​မာနမရှိဘူး အားလုံးကိုညီအကိုဆက်​ဆံတယ်​ ပြည်​သူနဲ့တသားတည်းဖြစ်​​အောင်​​နေတယ်​ သူငယ်​ချင်း​တွေက အိမ်​​ထောင်​ပြုဖို့တိုက်​တွန်းရင်​ သူ​ပြောတာတခွန်းတည်း ငါ​နောက်​ဆံမတင်​ချင်​ဘူးကွာ ငါ့နိုင်​ငံ ငါ့လူမျိုး ငါ့တပ်​မ​တော်​အတွက်​ လွတ်​လွတ်​လပ်​လပ်​​ပေးဆပ်​ချင်​​သေးတာတဲ့​လေ 😢 😢 😢 ​လေးစားပါတယ်​ဗိုလ်​မှူး ကျ​နော်​လိုချင်​တာ ဒီလိုဗိုလ်​မှူးမျိုးဗျ အ​လေးပြုပါတယ်... #Credit

၅၉(စ) အန္တရာယ် သရုပ်ပြပုံ

Image
ပုဒ်မ ၅၉(စ)။ နိုင်ငံတော် သမ္မတသည် မိမိကိုယ်တိုင်သော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာကိုခံယူစောင့်ရှာက်ရိုသေသူ (သို့) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ (သို့) တိုင်းတပါး၏နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ မိမိ၏ မိဘ တပါးပါးသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာကိုခံယူစောင့် ရှောက်ရိုသေသူ (သို့ ) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ (သို့ ) တိုင်းတပါး၏နိုင်ငံသားဖြစ်သူများမဖြစ်စေရ။ မိမိ၏ဇနီး သို့ မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာကိုခံယူစောင့် ရှောက်ရိုသေသူ (သို့ ) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ (သို့ ) တိုင်းတပါး၏နိုင်ငံသားဖြစ်သူများမဖြစ်စေရ။ မိမိ၏တရားဝင်သား၊ သမီးတဦးဦးသော်လည်းကောင်းနိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာကိုခံယူစောင့် ရှောက်ရိုသေသူ (သို့ ) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ (သို့ ) တိုင်းတပါး၏နိုင်ငံသားဖြစ်သူများမဖြစ်စေရ။ ထိုတရားဝင်သားသမီး၏ ဇနီး(သို့ ) ခင်ပွန်းသည်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာကိုခံယူစောင့် ရှောက်ရိုသေသူ (သို့ ) နိုင်ငံခြား...

သမီးအမှိုက်ကောက်ပါတယ် 😰😰😰😰😰😰😰😰😰

Image
ပညာပေးစာတပုဒ်လူတိုင်းဖတ်သင့်တယ်" အမှိုက်လာပစ်တဲ့ ဦးဦး ဒေါ်ဒေါ် ကိုကို မမ တွေဆီက အမှိုက် ထုပ်ကို သမီးကူသယ်ပေးပါတယ် --- အမှိုက်ထဲမှာပါတဲ့ ကော်ပစ္စည်း ပလက်စတစ်ဗူးခွံ ရေသန့်ဗူးခွံ တွေပါရင် သူများတွေလက်ထဲမရောက်ခင်သမီး အရင်ရအောင်လို့ပါ ---- သမီးအမှိုက်ကောက်ပါတယ် ---- သမီးဖေဖေ ကုန်ထမ်းခ နဲ့ သမီးမေမေ အဝတ်လျှော်ခ က မောင်နှမ များတဲ့သမီးတို့မိသားစု စားမလောက်လို့ပါ ---- သမီးအမှိုက်ကောက်ပါတယ်အမှိုက် ကောက်လို့ရတဲ့ပိုက်ဆံ မုန့်စားဖို့နဲနဲ ချန်ပြီးရင် အမေ့ဆီအကုန်အပ်ပါတယ် --- သမီးအမှိုက်ကောက်ပါတယ် ---- သူများပစ်တဲ့ပစ္စည်း မှ ယူရတယ်လို့ မေမေ သင်ထားလို့ သမီး မခိုးတက်ပါဘူး လာပစ်တဲ့အမှိုက်ထဲက ရောင်းရမယ့် ဟာတွေ သမီးကောက်ယူပါတယ် --- -- ဒါပေမယ့် မေမေ ---- သမီးတို့ကိုမြင်ရင် လူတွေက နှာခေါင်းရှုံ့ ကြတယ် ---- သမီးတို့နဲ့ ရွယ်တူသူငယ်ချင်း တချို့အမေတွေက သမီးတို့ကိုမြင်ရင် ပြောတက်တယ် --- ''သူတို့လိုလမ်းဘေးရောက်ချင်လို့လား'' တဲ့ --- ဘာလို့လဲ မေမေ --- သမီးမခိုးတက်ပါဘူးးး ဖြစ်နိုင်ရင် သမီးလည်းလမ်းဘေးက အမှိုက်ပုံတွေမှာအမှိုက်ကောက် မယ့်အစား အဖြူ အစိမ်း ဝတ်ပြီး မုန့်စားရင်း ''ကကြီး'' ...

"သင်္ချိုင်းကုန်းနှင့်တူသောလူ"

Image
သင်္ချိုင်းကုန်းဆိုတာ မစင်ကြယ်ခြင်း၊ မကောင်းသောအနံ့ရှိခြင်း၊ ဘေးအန္တရာယ်ရှိခြင်း၊ သားရဲဘီလူးတို့၏နေရာဖြစ်ခြင်း၊ လူအများငိုကြွေးရာ အရပ်ဖြစ်ခြင်း ဟူသော အပြစ်ငါးပါးရှိသော နေရာဖြစ်ပါတယ်။ သင်္ချိုင်းကုန်းမြေဆိုတာ လူသေအလောင်းတွေမြှုပ်ရာနေရာဖြစ်လို့ မစင်ကြယ်ပါဘူး။ အဲဒိလိုနေရာကို ဘယ်သူမှ မသွားချင်၊ မနေချင်ကြပါဘူး။ ဒါပေမယ့်တစ်ချို့သောလူတွေဟာ သင်္ချိုင်းကုန်းနဲ့တူပါတယ်။ တစ်ချို့သောလူတွေဟာ ကာယကံ၊ ဝစီကံ၊ မနောကံတွေ မစင်ကြယ်ပါဘူး။ ကိုယ်ကလဲ လုပ်ချင်တာလုပ်တယ်၊ နှုတ်ကလဲ ရိုင်းစိုင်းကြမ်းတမ်းစွာ ပြောဆိုတယ်၊ စိတ်ကလဲမကောင်းတာတွေပဲ ကြံစည်လေ့ရှိပါတယ်။ အဲဒိလိုလူဟာ သင်္ချိုင်းကုန်းနဲ့ တူပါတယ်။ ကိုယ်၊နှုတ်၊စိတ် မစင်ကြယ်တဲ့အခါကျတော့ သူနဲ့ပတ်သတ်သမျှအရာတွေကလဲ မကောင်းသတင်းပဲ ထွက်ပေါ်ပါတယ်။ သင်္ချိုင်းကုန်းသွားရင် သရဲများခြောက်မလား၊ ဝင်များပူးမလားဟုထင်ကာ ကြောက်လန့်ပြီးတော့ လူအများစုက ဝေးဝေးကရှောင်ကြပါတယ်။ အဲဒိလိုပါပဲ ကံသုံးပါး မစင်ကြယ်တဲ့သူကို ကိုယ်ကျင့်တရားကောင်းသူတွေက ဝေးဝေးကရှောင်ကြပါတယ်။ လူဆိုးလူမိုက်ဟာ လူဆိုးလူမိုက်နဲ့ပဲပေါင်းသလို ကိုယ်ကျင့်တရားမကောင်းသူရဲ့ အနားမှာ နေရဲသူဟာလဲ ကိ...