Posts

Showing posts from February, 2019

လူပြိန်းတွေ ဖတ်ဖို့ ...

Image
ဟိုနေ့က ... ဒေါ်စုခရီးစဉ်မှာ တပ်မတော်ရဟတ်ယာဉ်ဆီယိုဖိတ်လို့ အရေးပေါ်ဆင်းသက်ခဲ့ရတယ်၊ ဒါကို ဒေါ်စုကိုယ်တိုင်က ရဟတ်ယာဉ်မောင်းအရာရှိကို ဆုံးဖြတ်ချက်မှန်ကန်ခဲ့တဲ့အတွက် ကျေးဇူးလည်း တင်ခဲ့တယ်၊ ချီးကျူးစကားလည်း ဆိုခဲ့တယ် ... ဒီ ဆီယိုဖိတ်လို့ အရေးပေါ်ဆင်းသက်ခဲ့ရတဲ့သတင်းလည်း ကြားတော့ လူပြိန်းတစ်သိုက်က ဒီလို အသံတွေ ထွက်လာတယ် ဦးတေဇတောင်မှ ကိုယ်ပိုင်လေယာဉ်စီးနိုင်သေးတာပဲ ငါတို့လည်း အမေစုအတွက် ကိုယ်ပိုင်ရဟတ်ယာဉ်တစ်စီး မွေးနေ့လက်ဆောင်ပေးကြမယ်၊ အမေစုချစ်သူတွေ စုပြီး အလှူငွေထည့်ကြမယ်ဆိုပြီး ဆော်သြသူက ဆော်သြကြတယ် သူ့ကိုယ်သူ ဗကဟောင်းဆိုသူက ထိပ်ဆုံးကပေါ့ ... ဇာတ်လမ်းက အဲဒီမှာစတာ ... ဒေါ်စုချစ်သူတွေ၊ လူပြိန်းတွေ စုလာတော့တာပဲ အမေစုအတွက် စိုးရိမ်ရတယ်၊ အမေစု လုံခြုံရေးအတွက် စိတ်မချရဘူး၊ အမေစုကို လုပ်ကြံချင်နေကြတာ၊ ဗိုလ်ချုပ်တုန်းကလဲ ဒီလိုပဲ လုပ်ကြံခံရတာ၊ အမေစုကို ကာကွယ်ကြ၊ အသက်နဲ့လဲပြီး လူထုခေါင်းဆောင်ကို ကာကွယ်ကြဆိုပြီး ညံလာတော့တာပဲ ဒေါ်စု သူ့ပါသူထမင်းစားရင်း သီးသွားရင်တောင် တပ်မတော်က မကောင်းကြံနေပြီလို့ ပြောကြမလား မသိဘူး သူတို့လုပ်မှပဲ တပ်မတော်က ဗီလိန်းကြီးကို ဖြစ်လို့ ... မသိရင်လည်း မှတ...